Showing posts with label ကျန်းမာရေးသုတ. Show all posts
Showing posts with label ကျန်းမာရေးသုတ. Show all posts

အလွယ်ကူဆုံး ဝိတ်ချနည်းများ

ဇီဝရုပ်ဖြစ်ပျက်မှုဆိုတာ
ခန္ဓာကိုယ်ရဲ့ ကယ်လိုရီကို လောင် ကျွမ်းစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက် မှု ကောင်းတာကြောင့် အဆီတွေကို လောင်ကျွမ်းစေနိုင်ကာ ခန္ဓာကိုယ် အ လေးအချိန်ကို ထိန်းရာရောက်စေပါတယ်။ ခန္ဓာကိုယ်အတွက် ဇီဝရုပ်ဖြစ် ပျက် မှုကိုကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ဘဝနေထိုင်မှု ပုံစံလို အပ်ပါတယ်။ ကျန်း မာတဲ့ဘဝနေ ထိုင်မှုဖြစ်ဖို့လေ့ လာကြည့်ပါ။
ကောင်းမွန်သော နံနက်စာ


ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။  သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။
(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်
ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်အတွက် မှန်ကန်တဲ့ အာဟာရဓာတ်များ

ကိုယ်ဝန်ဆောင်အတွက် မှန်ကန်တဲ့ အာဟာရဓာတ်များဖောလစ် အက်စစ် ကလေးတွင် မွေးရာပါ ကျောရိုး အာရုံကြော မကြီး ချို့ယွင်း ခြင်းကို ကာကွယ် နိုင်ပါတယ်။ သံဓာတ် ကြက်သား၊ ငါး၊ အနီရောင် အသား၊ အစိမ်းရောင် ဟင်းသီးဟင်း ရွက်များမှာ ပါဝင်ပြီး ကိုယ်ဝန် ဆောင်စဉ် သံဓာတ် ချို့တဲ့ သွေးအားနည်း ရောဂါကို ကာကွယ် နိုင်ပါတယ်။

ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ

ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ လူတို့သည် ကွန်ပျူတာရှေ့ တွင် နေ့စဉ် ရက်ဆက် အချိန်ကြာမြင့် စွာ အလုပ် လုပ်ခြင်းကြောင့် ရက်ရှည် လများကြာလာသည့် အခါတွင် ဇက်ရိုး အဆစ်၊ လည်ဆစ် ရိုး၊ ကျောရိုးဆစ် နာကျင်ကိုက်ခဲ မှုရောဂါဝေဒနာ စွဲကပ် ဖြစ်ပွားလာ တတ်သည်ဟု ဆိုသည်။




အချိုမှုန့် အကြောင်း

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။
အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား



မွှေးပျံ့လန်းဆန်းသော အာခံတွင်း ပိုင်ဆိုင်နိုင်စေရန်

အောက်ပါမေးခွန်းတို့ကို ဖြေကြည့်ကာ သင့်ခံတွင်းနံ့ ထာဝစဉ် သင်းပျံ့နေစေဖို့ ဘာတွေ လိုအပ်သလဲ လေ့လာကြည့်ရအောင်…။
၁။  လူဦးရေရဲ့ ဘယ်နှရာခိုင်နှုန်းက မကြာခဏ ခံတွင်းနံ့ နံနေတတ်သလဲ။






သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆီ လျော့ကျစေမည့် အစာစားနည်းများ

လူတွေက သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆင့် မြင့်မားတာကို ကိုလက်စထရောအဆင့် မြင့်မားတာလောက် အလေးမထားတတ်ကြပါဘူး။ တကယ်တော့ ထရိုင်ဂလစ်ဆရိုက်အဆီ မြင့်မားတာဟာ နှလုံးအတွက် အန္တရာယ်ပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစားတာလို ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာက သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီရော၊

တစ်နေ့ လက်ဖက်ရည် လေးခွက်နှင့်အထက် သောက်ပါက ဆီးချိုရောဂါ အမျိုးအစား (၂) ကို လျှော့ပါးစေနိုင်

ဗြိတိသျှလူမျိုးတို့၏ လက်ဖက်ရည်သောက်သည့် အကျင့်သည် ဆီးချိုရောဂါ အမျိုးအစား (၂) ကို လျှော့ပါးစေသော်လည်း တစ်ရက်လျှင် အနည်းဆုံး လက်ဖက်ရည် လေးခွက်နှင့်အထက် သောက်မှသာ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံ ဒူဆဲလ်ဒေါမ် တက္ကသိုလ်မှ သုတေသီအဖွဲ့၏ တင်ပြချက်အရ သိရသည်။
ဗြိတိသျှလူမျိုးတို့၏ ဓလေ့အရ တစ်ရက်


သခွားသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

သခွားသီးက ကမ္ဘာပေါ်မှာ ရေပန်းစားတဲ့ ဟင်းသီးဟင်းရွက်ထဲမှာ တစ်မျိုး အပါအဝင် ဖြစ်ပါတယ်။  သခွားသီးမှာ ကျန်းမာရေး၊ အသားအရေနဲ့ အလှအပဆိုင်ရာ အာနိသင်တွေ ရှိတာကြောင့် သခွားသီးအကြောင်းကို အထူးအထွေ ပြောနေစရာတော့ လိုမယ် မထင်ပါဘူး။ သခွားသီးမှာ အဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး ဗီတာမင်နဲ့ သတ္တုဓာတ် အမြောက်အမြား ပါဝင်တာကြောင့် သခွားသီးရဲ့ တိကျတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိနိုင်ဖို့အတွက် ရေးသားလိုက်ရပါတယ်။

ဆေးဖက်ဝင် ဒိန်ချဉ်အကြောင်း သိကောင်းစရာများ

လူသားများဧ။် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် သဘာဝအားဖြင့် ကပ်ပါးပိုးအဖြစ်ရှိသော ဘက်တီးရီးယားပိုးများသည်၊ လူ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ ဆဲ(လ်)အရေအတွက်ထက်ပင်ပိုမိုများပြားပါသည်။ အဆိုပါဘက်တီးရီးယားပိုးများသည် လူသားတို့ ဧ။်



” ဦးနှောက်ကိုပျက်စီးစေသော အကြောင်း(၁၀)ချက် “

၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။
၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

နှလုံးရောဂါထခြင်း အန္တရာယ်ကို ၉ဝရာခိုင်နှုန်း နီးပါး လျှော့ချ နိုင်မည့် နည်းလမ်းများ

လုပ်ငန်းခွင် ဖိစီးမှုရှိကာ အလုပ်မြဲမှ မြဲပါ့မလားဆိုပြီး စိတ်ပူပင် သောကများ နေရတာဟာ အမျိုးသမီး တစ်ယောက်ရဲ့ နှလုံးကျန်းမာ ရေးကို ထိခိုက်စေ နိုင်ကြောင်း ချီကာဂိုမှာ ကျင်းပခဲ့တဲ့ အမေရိကန် နှလုံး ကျန်းမာရေး အသင်းအဖွဲ့ အစည်းအဝေးက ဆိုပါတယ်။ လုပ်ငန်းခွင်နဲ့ ဆက်စပ်ပြီး ခံစားနေရတဲ့ နာတာရှည် စိတ်ဖိစီးမှု များနေတဲ့ အမျိုးသမီးတွေကို ၁ဝနှစ်ကြာ လေ့လာမှုအရ သူတို့ဟာ တခြား အမျိုးသမီးတွေထက် နှလုံးရောဂါထနိုင်ခြေ ( Heart Attack) ဖြစ်နှုန်း ၈၈ ရာခိုင်နှုန်း ပိုများကြောင်း သိရ ပါတယ်။

အံ့ဖွယ် ရုံးပတီသီးစွမ်းပကား

မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ် ကလေးတွေမို့ အနောက်နိုင်ငံက လူတွေက Ladies’ finger လို့ ခေါ်တဲ့
ရုံးပတီသီးလေးတွေဟာ မြန်မာပြည်မှာတော့ သိပ်ကို လတ်လတ် ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက်သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။


ကင်ဆာရောဂါအတွက်ဆေးတစ်ခွက်

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ဓါတ် စာဖျော်ရည်ကတော့ “အာလူးစိမ်း” ဖျော်ရည်ပဲဖြစ်ပါတယ် ။
ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ်။

Height အရပ်ရှည်နည်း

Medical Writings - Medical Writings
Written by Administrator   
Monday, 05 March 2012 18:19
Sun, Mar 4, 2012 at 1:06 PM
ကျွန်တော့်နာမည် (့) လို့ခေါ်ပါတယ်။ အရပ်နဲနဲထပ်ရှည်လာအောင် ဘာဆေးတွေ သောက်ရမလဲ၊ ဘာတွေလုပ်ရမလဲ။ ကျွန်တော် August 28, 2012 မှာ အသက် ၂ဝ နှစ်ပြည့်ပါပြီ။ ဒါပေမဲ့ ကျွန်တော့် အရပ်က ၅ ပေ ကနေ မတက်လာဘူး။
Sun, Feb 26, 2012 at 10:01 AM
ကျနော်က အရပ် နဲနဲ ရှည်တယ်။ ကျနော့် ချစ်သူက အရပ်ပုတယ်ချင်ဗျ။ ကျနော်က ၅ ပေ ၈ လက်မ သူက ၅ ပေဆိုတော့ အတော်ကွာနေပါတယ်။ သူငယ်ချင်းတွေကလဲ စကြတာပေါ့။ အဲဒါ သူက ဒေါက်ဖိနပ်စီးချင်နေတယ်။ ဒါပေမယ့် စီးလိုက်တိုင်း သူ့ ချေဖဝါးကြွက်တက်ပါတယ်။ ဘာကြောင့်အဲလိုဖြစ်ပါလဲ သိချင်ပါတယ်။ ကောင်းအောင် ကုသလို့ရပါသလား။
“လူ့အရပ်ဆိုတာ Skelton သူ့အရိုးတည်ဆောက်မှုမှာ မူတည်တယ်။ တိုက်တာအိမ်တွေလိုဘဲ။ ခက်တာက အိမ်တိုင်ကို ဒီအတိုင်းထားပြီး ခေါင်မိုးကို ပိုမြင့်အောင် အမိုးကို ချွန်တက်ပေးတာက ရနိုင်တယ်။ လူကို အဲလိုလုပ်မရပါ။ အရိုးကို ပိုခိုင်အောင်သာ ဆေးနဲ့လုပ်နိုင်တယ်။ ပိုရှည်စေဘို့ မရပါ။ လူတယောက်ဟာ အရွယ်ရောက်ချိန်နောက်မှာ ပိုအရပ် မရှည်တော့ပါ။” စိတ်ပျက်မသွားပါနဲ့။ ဆက်ဖတ်စေချင်ပါတယ်။

လူတယောက်ရဲ့ အရပ်ကို Genetic background မျိုးဗီဇနောက်ခံ နဲ့ Environmental factors ပါတ်ဝန်းကျင် အကြောင်းတရားတွေကနေ သက်ရောက်တယ်။ သိပ်ရှည်လွန်းတာကို Gigantism ခေါ်ပြီး၊ သိပ်ပုလွန်းရင် Dwarfism ခေါ်တယ်။ ဒီ ၂ မျိုးမဟုတ်သမျှ ပုံမှန်ချည်းသာဖြစ်ပါတယ်။ သမိုင်းမှာ အရှည်ဆုံးလူသားဟာ ၈ ပေ၊ ၁၁ လက္မနဲ့ အမေရိကန်က Pershing Wadlow လို့ မှတ်တမ်းတင်ထားပြီး၊ ကနေ့အချိန်မှာ တူရကီက Sultan Kösen က ၈ ပေနဲ့ ၃ လက္မရှိတယ်။ တရုတ်အမျိုးသမီး Yao Defen က ၇ ပေနဲ့ ၇ လက္မခွဲ ရှိတယ်။

လူတွေ ပျမ်းမျှ အရပ်ဘယ်လောက်ရှည်သလဲဆိုတာ အတော်ကွဲပြားတယ်။ မလွဲနိုင်တာက ယေဘုယျ ယောက်ျားတွေက မိန်းမတွေထက် ရှည်တယ်။ မိန်းကလေးတွေဟာ သူတို့ ရှိနေတော့မဲ့ အရပ်အမောင်းကို ယောက်ျားလေးတွေထက် စောပြီး ရောက်လာကြတယ်။ အပျိုဖြစ်တာက လူပျိုဖြစ်တာထက် စောလို့ဖြစ်ပါတယ်။ Genetics မျိုးဗီဇက အဓိကကျတယ်။ ၆ဝ-၈ဝ% က မိဘတွေရဲ့ အရပ်နဲ့ ဆက်စပ်နိုင်တယ်။ မိခင် ကိုယ်ဝန်ဆောင်စဉ်က အစားအသောက်နဲ့လဲ ဆိုင်နိုင်တယ်။ ကလေးဘဝမှာ စားတဲ့နဲ့လဲ ဆိုင်နိုင်တယ်။


လူ့အရပ်ရှည်မှုဟာ Long bones ခေါ်တဲ့ အရိုးရှည်တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက် မရှည်တော့ချိန်မှာ ရပ်တန့်သွားတယ်။ Epiphyseal plates ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။ အရိုးရှည်တွေထိပ်မှာရှိတဲ့ အဲဒီ အရိုးနုတွေက အရွယ်အလိုက် တဖြေးဖြေး မာလာပြီး အရိုးမာတွေ ဖြစ်လာတယ်။ ခြေထောက်ပိုင်းက လူ့အရပ်နဲ့ တဝက်လောက်ဆိုင်တယ်။ Ossification အရိုးမာတွေ ဖြစ်လာတဲ့ အသက် အပိုင်းအခြားတွေ ရှိတယ်။ အရိုးစုတခုကြည့်ပြီး သူ့အရပ်ရော အသက်ပါ မှန်းလို့ရတယ်။

• မိန်းကလေး ၅-၁၂ နှစ် နဲ့ ယောက်ျားလေး ၅-၁၄ နှစ်တွေမှာ အများဆုံးသော အရိုးတွေက Hard bone အရိုးမာတွေ ဖြစ်ကြပြီ။
• ၁၇-၂ဝ နှစ်ရောက်ရင် လက် နဲ့ လက်ပြင်ရိုးတွေမှာဖြစ်ပြီ။
• ၁၈-၂၃ နှစ်ရောက်ရင် ခြေထောက်ပိုင်း အရိုးတွေဖြစ်မှာဖြစ်ပြီ။
• ၂၃-၂၅ နှစ်မှာ ရင်ညွှန့်ရိုး၊ ညှပ်ရိုး နဲ့ ခါးရိုးတွေက ဖြစ်ကြပြီ။ အသက် အစိတ်မှာ အားလုံးပြည့်စုံသွားမယ်။ အသက် ၂၅ ကျော်ရင် မရှည်ချင်နဲ့တော့။

သင့်အပြုံးကို ထိခိုက်စေသော အံ့အားသင့်စရာ အချက်များ


သင့်အပြုံးကို ထိခိုက်စေသော အံ့အားသင့်စရာ အချက်များ  By Good Health Originally posted 02/05/2012 15:54PM
ကော်ဖီနဲ့ ဝိုင်နီ သောက်တာက သွားတွေကို အစွန်းထင်စေတယ် ဆိုတာ သင်သိပြီး ဖြစ်ပါလိမ့်မယ်။  သွားတွေရဲ့ ဖြူစင်တောက်ပမှုကို ထိခိုက်စေပြီး သွားတွေကို ဝါကြန့်စေတဲ့ သင်မသိသေးတဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) ရေကူးခြင်း
ရေကူးကန်မှာ ရေကူးတာက ကျန်းမာရေးအတွက် ကောင်းတဲ့ လေ့ကျင့်ခန်းပါပဲ။ ဒါပေမဲ့ သွားကြွေလွှာတွေကို ထိခိုက်စေနိုင်ပါတယ်။ ရေကူးကန်ထဲက ကလိုရင်းဓာတ်ဟာ ပါးစပ်ထဲ မတော်တဆ ဝင်သွားရင် သွားကြွေလွှာ ပွန်းပဲ့တာနဲ့ သွားတွေ ကြွပ်ဆတ်ပြီး ပိုးစားတာကို ဖြစ်စေနိုင်လို့ပါ။

သင့်အပြုံး မထိခိုက်အောင်
ဆားရည်ခတ်ထားတဲ့ ရေကူးကန်ထဲမှာ ရေကူးပါ။ ဆားရည်က ပါးစပ်ထဲ ဝင်သွားရင်တောင် သွားကျန်းမာရေးကို ကောင်းစေပြီး ခံတွင်းထဲက ဘက်တီးရီးယား ပိုးတွေကို တွန်းလှန်ပေးကာ အနာကျက်စေတဲ့ အစွမ်းရှိပါတယ်။

(၂) ဖျော်ရည်များ
ရေခဲစိမ်ထားတဲ့ လက်ဖက်ရည်၊ အချဉ်ဓာတ်ပါတဲ့ အားကစား အချိုရည်တို့လို ဖျော်ရည်တွေက သွားကြွေလွှာတွေကို အားနည်းစေတဲ့ အက်စစ်တွေ ပါဝင်နေပါတယ်။ ရလဒ် အနေနဲ့ သွားပိုးစားတာနဲ့ သွားတွေ အရောင်ရင့်တာကို ဖြစ်စေနိုင်ပါတယ်။

သင့်အပြုံး မထိခိုက်အောင်
ဖြစ်နိုင်ရင် ရေသောက်တာက အကောင်းဆုံးပါ။ ဒါမှမဟုတ် ဒီဖျော်ရည်တွေ သောက်ပြီးတိုင်း ရေနဲ့ ပလုတ် ကျင်းပေးပါ။

အားကစား လေ့ကျင့်ခန်း လုပ်ခြင်းမှ ရရှိသော အကျိုး ကျေးဇူးများ

လူတွေမျှော်လင့်မထားတဲ့ အ ကျိုးကျေးဇူးအချို့ကို အားကစားပြု လုပ်ပြီးသည့်အခါ ရရှိနိုင်ကြောင်း လေ့ လာတွေ့ရှိထားပါတယ်။
အဲဒါတွေက တော့

(၁) တင်းနစ်
တင်းနစ်အားကစားပြုလုပ်သူ များတွင် ဝမ်းဗိုက်ကြွက်သားများနှင့် တင်ပါးဆုံကြွက်သားများ သန်စွမ်းလာ စေပြီး ကျောရိုးတိုင်နှင့် တင်ပါးဆုံရိုး တို့ကို ကြံ့ခိုင်လာအောင် ပြုလုပ်ပေး နိုင်တဲ့အတွက် ခါးနာရောဂါမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆောင့်ကြောင့်ထိုင်သကဲ့သို့ လေ့ကျင့် ရခြင်း၊ လက်များကို ရှေ့သို့ ဆတ်ခနဲ ထိုးလိုက်သကဲ့သို့ လေ့ကျင့်ရသော ကြောင့် တင်ပါးဆုံနှင့် ဝမ်းဗိုက်ကြွက် သားများကို လေ့ကျင့်ပေးရာ ရောက် ပါတယ်။
(၂) ရေကူးခြင်း
ရေကူးအားကစားပြုလုပ်ခြင်း ကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက် သားများကို သန်စွမ်းစေပါတယ်။ လူ တွေ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာ ကိုယ်အပေါ်ပိုင်းရှိ ကြွက်သားများကို လေ့ကျင့်ရာရောက်သော လေ့ကျင့် ခန်းမျိုး ပြုလုပ်လေ့မရှိကြပါ။ ရေကူး တဲ့အခါ ရေက ခန္ဓာကိုယ်အပေါ်ပိုင်း ရှိြွကက်သားများအား ခုခံဆန့်ကျင် ပေးတဲ့အတွက် ထြွိုကက်သားများကို အလုပ်လုပ်စေနိုင်ပါတယ်။
(၃) ဂေါက်ရိုက်ခြင်း
ဂေါက်သီးကို ထိအောင်ရိုက်ရ ခြင်းကြောင့် လက်နှင့်မျက်လုံး ပူး ပေါင်းဆောင်ရွက်မှုကို လေ့ကျင့်ပေးရာ ရောက်ပါတယ်။ တစ်နည်းအားဖြင့်ြွကက်သားများအား ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ သိရှိအောင် လေ့ကျင့်ပေးရာ ရောက်ပါတယ်။ အဲဒီြွကက်သားပိုင်းဆိုင်ရာ သတိပြု ဂရု စိုက်မိမှုကြောင့် သင့်အားလမ်းလျှောက် နေစဉ်အတွင်း လဲမကျအောင် မျှခြေ ကို ထိန်းညှိရာ၌ ပိုမိုကောင်းမွန်စေပါ တယ်။ Ref : RD, Dec 2011
မှတ်ချက်။            ။ ရိုးရာလေးမှကူးယူဖော်ပြထားပါသည်။

“လေဖြတ်ခြင်းကို ကာကွယ်နိုင်သည့် ရေနွေးကြမ်း”

ရေနွေးကြမ်းကို ကျွန်ုပ်တို့ မြန်မာလူမျိုးများ ငယ်စဉ်ကတည်းက သောက်ခဲ့ကြသည်။  နေရာတိုင်း အိမ်တိုင်းမှာ ရေနွေးကြမ်းဝိုင်း ရှိခဲ့သည်။ ဧည့်သည်လာလျှင် ရေနွေးကြမ်း အရင်ချပေးသည်။ ရေနွေးကြမ်းကို မြန်မာတို့ ဘာကြောင့် သောက်ခဲ့ရသနည်း။ ကျန်းမာရေး အတွက်လား။ အဆီကျ၍လား။

လမ်းလျှောက်ခြင်းဖြင့် ရင်သားကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေနိုင်


တစ်နေ့လျင် တစ်နာရီမျှ လမ်းလျှောက်ခြင်းသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို ထက်ဝက်မျှ လျော့နည်းစေကြောင်း သိရှိရသည်။
ထို့ကြောင့်လည်း အမျိုးသမီးများအနေနှင့် ကျန်းမာရေး လေ့ကျင့်ခန်းအဖြစ် နေ့စဉ်ပုံမှန် လမ်းလျှောက်သင့်ကြောင်း ဆရာဝန်များက တိုက်တွန်းခဲ့သည်။
သုတေသန ပြုလုပ်မှု တစ်ခုအရ တစ်နေ့တစ်နာရီမျှ ပုံမှန်လမ်းလျှောက်ခြင်း ပြုလုပ်ခဲ့သော အမျိုးသမီးများသည် တစ်ပါတ်အတွင်းမှာပင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ (၅၅)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း သိရသည်။
ဆရာဝန်များက ရင်သားကင်ဆာ ဖြစ်ပေါ်စေသော အကြိတ်ဆဲလ်များ ဖြစ်ပေါ်စေမှုမှာ သာမန်အခြေအနေအောက် ထက်ဝက်အထိ ကျဆင်းသွားသည်ကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
ဗြိတိန်အမျိုးသမီး (၄၀၀၀၀)ခန့်သည် နှစ်စဉ်နှစ်တိုင်း ရင်သားကင်ဆာနှင့် ကြုံတွေ့နေရပြီး (၁၂၀၀၀)ခန့် သေဆုံးနေကြသည်။ ရင်သားကင်ဆာသည် မျိုးရိုးလိုက်တတ်သော ရောဂါဖြစ်ပြီး၊ ခန္ဓာကိုယ် အလေးချိန် လွန်ကဲရာမှလဲ ပေါ်ပေါက်လာတတ်သည်။
ဂျပန်နိုင်ငံ နာဂိုယာမြို့တော် တက္ကသိုလ်မှ ဆရာဝန်များက လွန်ခဲ့သော (၁၂)နှစ်တာ ကာလအတွင်း ရင်သားကင်ဆာ ဖြစ်ပွားခဲ့သည့် အမျိုးသမီးများ၏ ရောဂါမှတ်တမ်း ရာဇ၀င်များကို ခြေရာခံပြီးနောက် ရင်သားကင်ဆာ၏ ခြိမ်းခြောက်မှုသည် လူနေမှုစရိုက်နှင့်လည်း ဆက်စပ်နေကြောင်း ပြောဆိုခဲ့ကြသည်။
ရင်သားကင်ဆာအား အထိုက်အလျောက် ကာကွယ်နိုင်မည့် နည်းလမ်းအဖြစ် အနည်းဆုံး တစ်နေ့လျင် နာရီဝက်မှ တစ်နာရီထိ လမ်းလျှောက်ပေးသင့်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။ ထို့ပြင် ကြိုးခုန်ခြင်း၊ ရေကူးခြင်း၊ အားကစားရုံတွင် ကိုယ်လက်လေ့ကျင့်ခြင်းတို့ကို တစ်ပါတ်လျင် တစ်နာရီမျှ အချိန်ယူလေ့ကျင့်ပေးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပေါ်နိုင်ခြေကို သိသာစွာ ကျဆင်းလာစေသည်ဟု ဆရာဝန်များက ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ကြောင့်လည်း အမျိုးသမီးများအနေနှင့် ပုံမှန်လမ်းလျှောက် လေ့ကျင့်ခန်းမျိုး တစ်နေ့လျင် တစ်နာရီမျှ ပြုလုပ်ခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေနိုင်ကြောင်း၊ သို့သော်လည်း တစ်နေ့လျင် (၇)နာရီထက် လျော့နည်းအောင် အိပ်စက်ခြင်းမျိုးကိုလည်း ကာလကြာရှည်ပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်သင့်ကြောင်း ဆရာဝန်များက သတိပေးပြောဆိုထားသည်။
မှတ်ချက်။      ။seinpanpyar မှကူးယူဖော်ပြထားပါသည်။

အစား မလျှော့ဘဲ ကိုယ်အလေးချိန် ကျစေမည့် နည်းလမ်းများ

အစားအသောက်ကို အလွန်အမင်း လျှော့စရာ မလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။  အစားအသောက် မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အိပ်ရေးဝဝ အိပ်ပါ။