Showing posts with label ဆောင်းနှင်းနှင်းဖြူကဗျာများ. Show all posts
Showing posts with label ဆောင်းနှင်းနှင်းဖြူကဗျာများ. Show all posts

ခံစားဝေဒနာသူသိပါစေ


ရင်မှာ ဝေဒနာ စိတ်မှာဒဏ်ရာ နှင့်

ထာဝစဉ်သတိရနေသူပါ.. ချစ်သူ
 

ရင်ဖွင့်ကဗျာ

အချစ်စစ်ဆိုတာ ....ရှားပါးလွန်းပါတယ်..

ဒါပေမယ့် အချစ်စစ်ဆိုတာကို တွေ့ ရှိတဲ့ အခါမှာ ...

အချစ်စစ်ကိုအကောင်အထည်မဖော်နိုင်သောကျွန်မ...

နှစ်ယောက်စလုံးတစ်ယောက်နဲ့ တစ်ယောက် ချစ်နေတာကို သိပါလျှက်နှင့်..

ချစ်ဖို့ လုံးဝမဖြစ်နိုင်သော ကျွန်မတို့ နှစ်ယောက် ရဲ့ အချစ်စစ်ကို

ယခုဘ၀တွင်လုံးဝဆုံစည်းဖို့ မဖြစ်နိုင်သောကျွန်မတို့နှစ်ယောက်ရဲ့ အချစ်စစ်

လုံးဝမဖြစ်နိုင်မှန်းသိပေမယ့် ... အခုလို ကျိတ်ခံစားရတဲ့ .. ဝေဒနာ ဟာ

ခံစားရခက်လွန်းလှပါတယ်.. ယခုဘ၀မဆုံစည်းနိုင်ပေမယ့်..

နောင်ဘ၀မှာပေါင်းစည်းနိုင်ပါစေလို့ ..ဆုတောင်းနေပါတယ်..

ကျွန်မရေးထားတဲ့ ကဗျာကို မမြင်နိုင်ပေမယ့်... နောင်တစ်ချိန်မှာ

တစ်နေ့ နေ့ ကျွန်မရေးထားတဲ့ ကဗျာကို တွေ့ မယ်ဆိုရင်...

ကျွန်မချစ်ရသောသူကိုရည်ရွယ်ပြီးရေးထားတာကြောင့် ...

ရှင်သိနိုင်ပါစေ.. 


လွမ်းနေသူ....

တကယ်လို့ မင်းကို လွမ်းတိုင်းသာ.................

ပန်းတစ်ပွင့်ပွင့်မယ်ဆိုရင်.....

ငါဟာပန်းခင်းထဲလမ်းလျှောက်နေသူပါ........

ချစ်ရတဲ့ သူရယ်.....